မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီး ဌာနနှင့် ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီလက်အောက်ရှိ ရတနာ ပုံဝက်ဘ် ပေါ်တယ်တွင် Postpaid ဖုန်းများအ ဖြစ် ကျန်ရှိနေ သေးသော ကြိုးဖုန်း များ၊ GSM နှင့် WCDMA ဖုန်းများကို အွန်လိုင်းမှ တစ်ဆင့် ဖုန်းဘီလ် ဆောင်နိုင်တော့ မည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ ညနေ ၄ နာရီခွဲတွင် မြန်မာ့ဆက် သွယ်ရေး လုပ်ငန်း၊ အလုံတွင်ကျင်းပ ခဲ့သော စာနယ်ဇင်း ရှင်းလင်း ပွဲတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဆက်သွယ် ရေးဝန်ကြီးဌာနအနေနဲ့ ဆက်သွယ်ရေးဘက်က ကြိုးစားနေတာကို ပြည်သူတွေကို သိစေချင်ပါတယ်။ ပြီးခဲ့တဲ့လ ၁၄၊ ၁၅ ရက်တုန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ e- Government လုပ်ငန်းများ အရှိန်အ ဟုန်မြှင့်တင်ရေးဆိုပြီး အလုပ်ရုံ ဆွေးနွေးပွဲလေး လုပ်ခဲ့ကြပါတယ်။
အဓိကပြောချင်တာကတော့ e- Government လုပ်ငန်း တွေကနေ Clean Government နဲ့ Good Government ဖြစ် လာစေဖို့ ရည်ရွယ်ပါတယ်” ဟု အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲ၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးမှ ပြောကြားခဲ့သည်။ ယခုလုပ်ငန်းစဉ်မှာ ယခင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အွန်လိုင်းမှတစ်ဆင့် ဖုန်းဘီလ် ဆောင်နိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိသော အခြေအနေကို ယခုအခါလက်တွေ့စတင်အသုံး ပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းဖုန်းဘီလ် ဝန်ဆောင်မှုလုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့စ်နှင့် AGD ဘဏ်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ယခုလအတွင်း မြန်မာ စီးပွားရေးဘဏ်ခွဲ(၂)မှလည်း အွန်လိုင်း ဖုန်းဘီလ်ဝန်ဆောင်မှုကို စတင်ပြုလုပ်နိုင်တော့မှာ ဖြစ်ကြောင်းသိရသည်။ အွန်လိုင်းဖုန်းဘီလ်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ “လောလောဆယ်တော့ ရတနာပုံဝက်ဘ် ပေါ်တယ်မှာ Online Phone Billing System ကို AGD ဘဏ်နဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ပါပြီ။ ဒီလအတွင်းမှာပဲ မြန်မာစီးပွားရေးဘဏ်ခွဲ (၂) မှာ စတင်ဝန်ဆောင်မှု ပေးနိုင်ပါလိမ့် မယ်။ နောက်ပိုင်းမှာလည်း ဘဏ်ခွဲအားလုံးပါဝင်လာပါလိမ့်မယ်။ နောက်ထပ်လည်း တခြားပုဂ္ဂလိကဘဏ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက် နေပါတယ်” ဟု ရှင်းပြခဲ့သည်။ အွန်လိုင်းဖုန်းဘီလ်ဝန်ဆောင်မှု လုပ်ငန်းတွင် အဆိုပါစနစ်ကို စတင်အသုံးပြုပုံနှင့် ပတ်သက်ပြီး AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦးက “ဒီ စနစ်ကို စတင်အသုံးပြုမယ်ဆိုရင် ပထမဦးဆုံးဘဏ်မှာ အကောင့်တစ်ခု ဖွင့်ရပါတယ်။
အနည်းဆုံး Deposit အနေနဲ့ ၁ သောင်းကနေစပြီး လက်ခံ ပေးပါတယ်။ နောက်အကောင့်တစ် ခုကို အနည်းဆုံး ဖုန်းဘီလ်စာအုပ် တစ်အုပ်ကနေ အများဆုံး ၁၀ အုပ် အထိ အသုံးပြုနိုင်ပါတယ်။ ဒါက သာမန်လုပ်ရိုးလုပ်စဉ်အရ သတ်မှတ် ထားတဲ့ပုံစံပါ။ ကုမ္ပဏီတွေ၊ ရဲတွေ၊ အခြားလုပ်ငန်းခွင် ကနေ အလုံးရေများများကို တစ်ပြိုင်နက်အသုံးပြုချင်တယ်ဆိုရင်လည်း အဆင်ပြေအောင် ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်” ဟု ရှင်းပြခဲ့သည်။ အွန်လိုင်း ဖုန်းဘီလ်စနစ်ကို စတင် အသုံးပြုနိုင်ပြီဖြစ်သော်လည်း တချို့မှာ အွန်လိုင်းဝန်ဆောင်မှုမှတစ်ဆင့် မိမိအကောင့်ကို တခြားသူတစ်ဦးဦးမှ ဝင်ရောက်အသုံးပြုသွားနိုင်သည့် အချက်ကို စိုးရိမ်ပူပန်မှုများ ရှိကြောင်း၊ သို့အတွက် ဘဏ်အကောင့်များနှင့်ပတ်သက်ပြီး လုံခြုံရေးအရ ဆောင်ရွက်ထားပုံများအကြောင်း ကို AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦး က “ဘဏ်အကောင့် လုံခြုံရေးအတွက်က စိတ်ချရပါတယ်။
အခုဘဏ်အကောင့်ဟာ သာမန်ဘဏ် မှာလာအပ်ထားတဲ့အကောင့်နဲ့ တိုက်ရိုက်ပတ်သက်မှု မရှိသလို ဘယ်လိုမှလည်းမသက်ဆိုင်ပါဘူး။ အခုအကောင့်က ဖုန်းဘီလ်ဆောင်တဲ့ နေရာတစ်ခု တည်းအတွက်ပဲ အသုံးပြုနိုင်မှာပါ။ နောက်လုံခြုံရေးအတွက်ကလည်း စိတ်ချရပါတယ်။ အကောင့် လုပ်စဉ် ကတည်းက အကောင့်တစ်ခုမှာဘီလ် ဆောင်ရမယ့် ဖုန်းနံပါတ်နဲ့ ဖုန်းစာအုပ်ကို သတ်မှတ်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အကောင့်တစ်ခုဟာ သတ်မှတ်ပြီး သားဖုန်းနံပါတ်က လွဲရင် ကျန်တဲ့ဖုန်းနံပါတ်တွေကို လက်ခံမှာမဟုတ်ပါဘူး။ နောက်ဆုံး လျှို့ဝှက်ကုတ်ကို သိသွား တာတောင် အကောင့်အတွက်သတ်မှတ်ထားတဲ့ ဖုန်းဘီလ်ကလွဲရင် တခြားဖုန်းကို ဘီလ်ဆောင် ပေးနိုင်မှာမဟုတ်ပါဘူး” ဟု အွန်လိုင်း ဖုန်းဘီလ် စနစ်တွင် အသုံးပြုမည့်အကောင့်၏ လုံခြုံရေး ဆိုင်ရာများနှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်။
ref:yoyarlay.com
No comments:
Post a Comment