Tuesday, July 19, 2011

မထူးခြားတဲ့နေ့

တော်ပြီ

ဒီမှာ ငါ့အိပ်မက်တွေမှားနေလို့

နောက်တစ်ခါပြန်မက်နေတယ်..

လာ လာ လှုပ်မနှိုးကြပါနဲ့

နောက်တစ်နေ့ နေထွက်တာ ငါမကြည့်ရဲလို့...

အတိတ်ပျောက်သူ တစ်ယောက်အတွက်

အနာဂတ်က မထူးခြားပါဘူး...

ငါ့ရင်ရဲ့ပြခန်းမှာ

အမှားတွေပဲဖွင့်ချနေမိတော့...

တိမ်တွေရွေ့နေတိုင်း လေတိုက်တယ်မထင်ပါနဲ့

စောင့်ကြည့်သူတစ်ယောက်အတွက်

ညနေတိုင်းဟာခါးသက်လွန်းလို့

တော်ပြီ

ဒီလောက်နဲ့ပဲ ငါအိပ်နေလိုက်တယ်...

No comments:

Post a Comment