Tuesday, July 12, 2011

ကွန်ပျူတာ ဆက်တိုက် အသုံးပြု နေသူများ မျက်စိကို ဘယ်လို ကာကွယ် ထိန်းသိမ်း မလဲ

ကွန်ပျူတာကို တစ်နေကုန် ကြည့်တဲ့သူတွေ မျက်စိအတွက် ဘယ်လိုလေ့ကျင့်ခန်း လုပ်သင့်တဲ့ အချက်တွေကို တင်ပြလိုက်ပါတယ်။
နေရာမှန်ပါစေ

သင့်ရဲ့ကွန်ပျူတာ ကီးဘုတ်၊ မောက်စ် တို့ကို နေရာမှန်ထားတတ်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကွန် ပျူတာ Screen ဟာသင့်မျက်လုံး ကနေ သင့်ရဲ့လက်တစ်လှမ်းစာ အကွာနဲ့ မျက်လုံးရဲ့ (၂၀)ဒီဂရီ အောက်နိမ့် နေရပါမယ်။

အလင်းရောင်
သင့်အခန်း တွင်း အလင်းရောင် ပျံ့နှံ့ပါစေ။ ဒါမှကွန်ပျူတာ Screen မှလာသော Reflection တွေကို လျော့ချနိုင်မှာဖြစ် ပါတယ်။ ကွန်ပျူတာ Screen အား သင့်မျက်စိနှင့် သင့်တော်ရာ အလင်း၊ အမှောင် Setting လုပ်ထားပါ။ Anti-Reflective Lenses ပါသောမျက်မှန်ကို တပ် ပေးခြင်းဖြင့် တောက်ပသော အရာမှ လာသော Reflection တွေ ကို ကာ ကွယ်နိုင်ပါတယ်။ သင့်ရဲ့ မျက်စိ ဆရာဝန်က သင့်အား ကွန်ပျူ တာ နှင့် ထိတွေ့နေ သူမှန်းသိရင် ထို Anti-Reflective Lenses ထည့် ထားတဲ့ မျက်မှန်ကို ညွှန်းပါ လိမ့်မယ်။
ကွန်ပျူတာ နှင့်အလုပ်လုပ်သူ များ မိနစ်(၂၀) လောက်ကြာတိုင်း ခေါင်းကို ခဏဘေးကို လှည့်ပြီး ပေ (၂၀) လောက်ဝေးတဲ့အရာ တစ်ခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးကို သက်သာရာရ စေပါတယ်။ နောက် ပီး အခါ(၂၀)လောက် မျက်စိအား ပိတ်လိုက် ဖွင့်လိုက်လုပ်ခြင်းဖြင့် မျက်လုံးစိုစွတ်ခြင်းကိုရယူပါ။ ပြီးရင် ခဏထိုင်ခုံမှထပြီး ခြေလှမ်း (၂၀) လောက် လမ်းလျှောက် ခြင်း ဖြင့် သွေးလည် ပတ်ပါစေ။ မျက်စဉ်းခတ် ပေးပါ။ လူတစ်ယောက်ဟာ တစ်မိနစ် အတွင်း ပုံမှန် (၁၂)ခါမျက်တောင် ခတ်ကျပါတယ်။ ဒါပေမဲ့ ကွန်ပျူတာ နဲ့ အလုပ်လုပ် နေရင် ငါးခါလောက် သာ မျက်တောင် ခတ်တာကို သင် သတိထားမိပါသလား။ အကျိုးဆက် အနေဖြင့် မျက်စိအား ခြောက်ကပ် နေစေပါတယ်။ ထိုသို့ ခြောက်ကပ် မနေအောင် မျက်စဉ်းခတ် ပေးနိုင်ပါ တယ်။

လက်ဖဝါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင် ပြီး သင့်ရဲ့လက်ဖဝါးနှစ်ခုအားနွေး လာသည်အထိ ပွတ်ပေးပါ။ ထိုနွေး နေသော လက်ဖဝါးနဲ့ သင့်မျက်စိ နှစ်ဖက်ကို တစ်မိနစ်လောက် ဖုံးအုပ် ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်းနှစ်ကြိမ်၊ သုံးကြိမ်လောက်လုပ်ပေးပါ။ ထိုလက်ဖဝါးမှ လာသော နွေးထွေးမှုသည်သင့်ရဲ့ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန်လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။
လက်ဖက်ခြောက်အထုပ်
သောက်ပြီး သား လက်ဖက်ခြောက် အထုတ်ကလေးများကို လွှင့်မပစ်ဘဲ ရေခဲ သေတ္တာ ထဲထည့် ထားပြီး အားတဲ့ အချိန်ကျရင် ထို လက်ဖက်ခြောက် အထုပ်နှစ် ထုပ်အား သင့် မျက်စိ တစ်ဖက်စီ တွင် တင်ပြီးအနားယူပါ။ မျက်စိအား အေးမြစေပါသည်။ ဗီတာမင် အေ၊ စီ၊ အီးပါသော အစားအစာများပိုစားပါ။

အစအဆုံးဖတ်တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်...

No comments:

Post a Comment