Tuesday, July 19, 2011

ကဗျာများရဲ့မနက်ခင်း

ငါ့ရင်ထဲကို အရင်ဖတ်ပါ

ဒါညစ်ထေးနေတဲ့ စာတစ်စောင်မဟုတ်

ပန်းတော်ဆက်ဘ၀ ငှက်ခါးတောင်ပံလို

ငါ့ခတ်သံတိုင်းမချိုမြခဲ့ပါ​ဘူး

လေယာဉ်ကိုတီထွင်တာငါမဟုတ်သလို

နယ်မြေသစ်ရှာထွက်တာလဲငါမဟုတ်ဘူး

ထွန်ယက်စိုက်ပျိုးကြေးဆို

ငါလဲ ငါ့ကိုယ်ငါထွန်ယက်ထားတာပါဘဲ

ကာယံရှာရင်းမိုးလင်းသွားတဲ့​ညမှာ

ဖိုမိခဲ့ မီးပုံမှာတော့ ပြာကျန်ခဲ့တာပဲ

အေးပေါ့ ဒီလိုပါဘဲ ငါသေရင်လဲပြာတော့ကျန်မယ်ထင်​ပါ့...

No comments:

Post a Comment