Tuesday, July 19, 2011

ဖြေဆေး




မပြောချင်မှန်းသိရက် ငါပြောနေတယ်

မသွားချင်မှန်းသိရက် ငါတားနေတယ်

မတိုက်တွန်းမှန်းသိရက် ငါတွန်းတိုက်ထွက်ခဲ့တယ်

ပင်လယ်ကို ငါမသိသလို ငါ့ကိုလဲ ပင်လယ်ကမသိခဲ့ပါ

နွေညဆိုတာ ထိတွေ့စညမှာ

တစ်စုံတစ်ရာကို တစ်ပိုင်းတစ်စသိလိုက်သလိုပဲ

တစ်လှမ်းချင်းလှမ်းခဲ့တာ

နောက်လှည့်ကြည့်မိတဲ့အခါမှ တစ်စုံတစ်ခုရရှိလိုက်သလိုပဲ

ဒီလိုပါဘဲ ခံစားချက်အားကြီးသူအဖို့

လှိုင်းပုတ်ခံရစမြဲပေါ့

တစ်ကယ်တော့ ဘာမှမဟုတ်ပါဘူး

ဘာလဲလို့ပြန်မေးခွင့်မရှိတဲ့

ဒီနေ့မဟုတ်တဲ့ ဒီနေ့ကြားထဲမှာပဲ ငါနေထိုင်နေလိုက်တယ်


No comments:

Post a Comment