Your Uninstaller Pro 2010
DownloadMonday, October 10, 2011
Your Uninstaller Pro 2010
I Care Data Recovery
Thursday, October 6, 2011
My Birthday
ဘာရယ်တော့မဟုတ်ပါဘူး. တစ်ရက်နဲ့တစ်ရက် အသက်ကြီးလာတာကို လွန်ဆန်လို့မှမရတာ အဲဒါကိုအတွေ့အကြုံများလာတယ်လို့များ ပြောရမလားပဲ. ဘာပဲဖြစ်ဖြစ်ပေါ့ တစ်ရက်ထပ်နေခွင့် ရနေတုန်းပဲဆိုတာ သိရလို့ ငါ့ကိုယ်ငါ သိပ်ဝမ်းမြောက်နေတုန်းပါဘဲ. အဲဒါကိုပဲ ငါ့အမှတ်တရအဖြစ် သိမ်းထားလိုက်ပါတယ်..
Monday, October 3, 2011
စပယ်ယာများနှင့်နေ့စဉ်
ယနေ့ထုံးစံအတိုင်းအလုပ်သွားမယ်ဆိုပြီး ကားစီးရန်အလို့ငှာ အိမ်ကထွက်လာတာပေါ့.. အိပ်ကပ် ထဲမှာလဲ ထောင်တန်အသစ်ကလေး နဲ့ဆိုတော့ကာ ကားသမားနဲ့ဖိုက်ရဦးမယ်လို့ (နေ့တိုင်းခံနေရတာကိုး ဟီး ဟီး )တေးထား လိုက်တယ်.. ဟော ကားရောက်လာပြီဗျာ... အများမျှော်လင့်စောင့်စားနေတဲ့ ဒီကားရောက်လာပါဘီ. တေးထားတဲ့အတိုင်း လက်ထဲရှိတဲ့ ထောင်တန်တစ်ရွက် လျှောခနဲပေးလိုက်တာပေါ့. စိတ်ထဲတော့ ကားခ ၁၅၀ ဆိုတော့ ၈၀၀ ပြန်အမ်းမယ်.ထုံးစံအတိုင်း ၅၀ အကြွေမရှိလို့ မအမ်းဘူးလို့ သိနေဒယ်. လမ်းခုလတ် ရောက်တဲ့အထိ စပယ်ယာက ဂိတ်တွေအော်နေရှာတော့ သူ့ခမျာသနားစရာ ပါလား. နေပမိုးရွာကြီးထဲ ဒီလိုပင်ပင်ပန်းပန်းလုပ်နေ ရှာတယ်လို့ တွေးနေမိသေးတယ်. ဟော ရောက်တော့ မယ်.. ကျွန်တော်ဆင်းမဲ့ဂိတ်. ကဲကိုလူချောစပယ်ယာ အကိုကြီး ကျွန်တော့ကို ပိုက်ဆံမအမ်းရသေးဘူးခင်ဗျဆိုတော့ ဟုတ်ကဲ့ ထောင်တန် တစ်ယောက် လားတဲ့. ခေါင်းဆတ်ပြလိုက်တော့. ဘသားချောက အကိုလေး ၅၀ တန်အကြွေပါလားတဲ့. ပါဘူး ဆိုတော့ ဒါဆို ၁၀၀ တန်လေးကောတဲ့ဗျာ.. ဘယ်ရမလဲ ကျွန်တော်ကလဲ ထပ်ပြီးမပါဘူးဆိုတော့ ဒါဆိုအကိုလေး နောက်မှ ၁၀၀ ယူတဲ့ ရော့ ၇၅၀ ဆိုပြီးပြန်အမ်းတယ် ခင်ဗျာ.. ကိုင်း ကျွန်တော်က ရဘူး ခုအဲ ၁၀၀ ပေးလို့ပြောလိုက်တယ်များ ထင်သလား..မထင်ပါနဲ့ခင်ဗျာ ဘာသားချော စပယ်ယာက အဲလိုလဲပြောပြီးရော သူနဲ့မဆိုင်တော့သလို ဘယ်ဂိတ်ပါလားညာဂိတ်ပါလားဆိုတော့ ကျွန်တော်လဲ ကိုယ်ဆင်းမဲ့ ဂိတ်ရောက်တော့ ဆင်းလိုက်ရတာပေါ့ဗျာ.. ဒါနဲ့ကောပြီးသွားတယ် ထင်သလား.. မထင်ပါနဲ့ဗျာ..မပြီးသေးပါဘူး.. ကိုင်းထုံးစံအတိုင်းနောက်ကားတစ်စီးစောင့် ဆက်စီးတာပေါ့ .. ဒီတစ်ခါ ငါစီးမှာ ၂၀၀ ကား စောနက အကြွေမပေးတော့ဘူး နောက် ထောင်တန်တစ်ရွက် ပေးလိုက်မယ် ငါ့ကို ၂၀၀ လေးရွက်အမ်းမယ်.. ဒါဆိုနောက်နေ့ မခံရတော့ ဘူးကွဆိုပြီး ပေးလိုက်မယ်. ဟင်း စပယ်ယာနောက်တစ်ယောက်တော့ တွေ့ပြီသာမှတ်ကွ ..ဆို ပြီး စိတ်ထဲကကြိမ်းလိုက်တာပေါ့လေ. ကဲနောက်ကားတစ်စီးလာတော့ ကားပေါ်တက်.. ဒီကားက အထူးဆိုတော့ ထုံးစံအတိုင်း ထိုင်ခုံလေးဘာလေးရတာပေါ့ (အဲ ညနေပိုင်းတို့ ရုံးတက်ရုံးဆင်း ချိန်လေးတော့ တံခါးဝက ဆိုင်းဘုတ်ကို မဖတ်ကြပါနဲ့) ဒီကားကထိုင်ခုံ ပြည့်သာတင်သည်လေ. ကဲယဉ်စီးခလေးလှမ်းလိုက်ပါဦး တစ်ယောက် နှစ်ယောက် သုံးယောက် ကျွန်တော့အလှည့် ကျတော့ စောနကအတွေးအတိုင်း ထောင်တန် တစ်ရွက်ထုတ်ပေးလိုက်တာပေါ့.. ဒီတစ်ခါ မာမာပဲ ရော့ ထောင်တန်တစ်ယောက်ထဲ ဘသားချောကလည်း တစ်ခါတည်းပြန်အမ်းတယ်ခင်ဗျ. အလဲ့ ဒီတစ်ခါမဆိုးပါလားလို့ တွေးတာတောင်မဆုံးသေးဘူး တစ်ရာ ခဏစောင့် ရော့ ၇၀၀ ဆိုပြီး အမ်းသွားပြန်ကော.. ဒီတစ်ခါတော့မခံဘူးကွ. ငါဆင်းခါနီးရင်တောင်းမယ်ဆိုပြီးအတွေးလေးနဲ့ စီးလာလိုက်တာ ဆင်းခါနီးကျတော့ ဗျို့စပယ်ယာအကို တစ်ရာအမ်းရဦးမယ်ခင်ဗျဆိုတော့. တစ်ချက်ကြည့်ပြီး ၁၀၀ တန်ပါလားတဲ့ ပါဘူးဆိုတော့ ပြန်အမ်းလိုက်တယ်များထင်သလား.. မထင်ပါနဲ့ဗျာ.. ဒါဆိုနောက်မှ ယူဆိုတော့ မပေးရင် ကိုက်စားမယ်လို့မှပြောလို့မှ မရတာ သူကိုပဲ မကျေမနပ်ကြည့်ပြီး ဒီကနေ့ အလုပ်ကိုရောက်တော့တာပေါ့ကွယ်..
ပုံပြင်လေးကတော့ ဒါပါပဲ...
ကျွန်တော်တို့မြန်မာပြည်မှာ စပယ်ယာတွေ အကြွေရှိရဲ့သားနဲ့ပြန်မအမ်းတာ.. ဒီတစ်ခါ တည်း ကျွန်တော်တစ်ယောက်ထဲတော့မဟုတ်ဘူး.. လူပေါင်းမြောက်များစွာ ခံစားနေရတုန်း ပါပဲဗျာ.. အကြွေတွေလစဉ်လတိုင်းအမ်းပေးလဲ ဘသားချောစပယ်ယာ များကတော့ (ငွေအပြည့် ပြန်အမ်းခြင်းသီးခံပါ)ဆိုင်းဘုတ်ကို လက်ကိုင်ထားဆဲ ထားမြဲထား နေအုံးမယ် လို့မြင်ပါတယ်. ဒါကြောင့် ဘယ်အတိုင်းအတာ ရောက်တဲ့နေ့ သတ်မှတ် ကားခပဲပေးရတဲ့ မော်တော်ယာဉ်ကြီး စီးရမလဲလို့ မျှော်လင့်နေပါတယ်...
Dota Warkeys New
Dota အတွက် Warkeys နောက်တစ်မျိုးပါ..သင့် warcraft version အလိုက်လိုအပ်တဲ့ဖိုင်ကို ဒေါင်းလုပ်ဆွဲအသုံးပြုနိုင်ပါတယ်..
Download
Sunday, October 2, 2011
Subscribe to:
Posts (Atom)



