Showing posts with label Gmail နှင့်ပတ်သက်သမျှ. Show all posts
Showing posts with label Gmail နှင့်ပတ်သက်သမျှ. Show all posts

Tuesday, July 12, 2011

G-mail ၏ အချက်အလက် သိုမှီး နိုင်မှုကို 27 GB ထိ မြှင့်တင်နိုင်

G-mail account ၏ storage memory ကို 7GB မှ 27 GB အထိ တိုး၍ သုံးစွဲ လိုပါက Online Busicess Group နှင့် ဆက်သွယ် နိုင်ကြောင်း သိရသည်။ မိမိ အသုံးပြု သော storage memory ကို သိလိုပါက G-mail အောက် ဆုံးနား တွင်ရှိသော You are currently using.....MB ကိုကြည့်ရမှာ ဖြစ်ပြီး စုစုပေါင်း storage memory 7600MB ခေါ် 7GB အထိ အသုံးပြုနိုင် သည်ကို တွေ့ရပါမည်။ အဆိုပါ 7600MB ခေါ် 7GB ကို Google service .....very very nice free service များထဲက သုံးခုဖြစ်သော - (1) Google Mail(G-mail) (2) Google Doc (3)Google picasa စသည့် service များနှင့် မျှဝေ သုံးစွဲ ရပါမည်။ G-mail account storage memory ကို အများဆုံး အသုံးပြု သော ပို့ကုန် ထုတ်ကုန် ကုမ္ပဏီကြီး များနှင့် အခြား သော ကုမ္ပဏီများ ကို ရည်ရွယ်၍ Online Business Group(Mr.skyper @gmail.com) မှ storage memory ကို 27GB အထိတိုးခြင်း ကို လုပ်ဆောင် ပေး လျက်ရှိ သည်။

Saturday, July 9, 2011

Gtalk မှဖုန်းခေါ်ရအောင်

Gtalk ကနေ ဖုန်း အလကား ခေါ်ရအောင်

အရင်ဖတ်ပြီးသူများ မှတ်ချက် update ကိုကြည့်ပါခင်ဗျာ
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။

Gmail Offline

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနိုင်
ကမ္ဘာကျော်Google၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsoft Outlook ကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ် ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

Gmail ပို့နည်း

ကျွန်တော်ကြုံတွေ့ နေရတဲ့ အကြောင်း ကတော့ အခု အင်တာနက်သုံးနေကြတဲ့  လူငယ် တော်တော်များများဟာ chatting ကို ပဲ အဓိကထား သုံးနေကြတာကိုတွေ့ နေရပါတယ် ။ အဲဒီလို Gtalk နဲ့ chatting ပြောနေ ကြရင်း နဲ့တစ်ဖက်က ဓာတ်ပုံတွေ ပို့ပေး လိုက်တဲ့ခါ မှာ ဘယ်လိုဖွင့် ရမယ်ဆိုတာရယ်  တစ်ဖက်က ဓာတ်ပုံတောင်း လို့ ဘယ်လိုပို့ ပေး ရမယ်ဆိုတာ ကို မသိကြတဲ့ သူတွေ  တော်တော် များ များ ကို ကြုံ တွေ့နေရပါတယ်။ ပြီးတော့ (ဥပမာ...ကောင်လေးက ကောင်မလေးဆီကို) ငါ နင့်ဆီကို စာပို့ထား တာတွေ့လား၊ ဖတ်ပြီးပြီလား လို့မေးတဲ့ အခါမှာ  ..ဟင် ...အဲဒါ ဘယ်မှာ သွား ဖတ်ရမလဲ ဆိုတဲ့ အမေး တွေကိုလည်း ကြားနေရပါတယ်။ အဲဒီလို ဖြစ်နေတဲ့သူတွေ အတွက်  အဆင် ပြေအောင် ကျွန်တော် နားလည်သလိုလေး ကို အီးမေးပို့နည်း အီးမေး ဖတ်နည်း ဆိုပြီးတော့ ....ရေးသား တင် ပြလိုက်ပါတယ်.။သိပြီးသား သူ များ သည်းခံကြပါနော်။ လုံးဝ မသိသေးသူများ အတွက် ရည်ရွယ်ပါသည်။

Gmail ကနေ အလိုအလျှောက် စာပြန်တဲ့နည်းလေး ပါ။

Gmail မှာ Holiday Time! သတ်မှတ်ပေးထားရင် အလိုအလျှောက် စာပြန်ပေးပါတယ်။ ဘာကြောင့် လောလောဆယ် စာမပြန်နိုင်တာ အသိပေးနိုင်တော့ တစ်ဖက်ကလည်း မမျှော်ရ တော့ဘူးပေါ့ :-)
အင်တာနက် ကွန်နက်ရှင် မရှိတဲ့ဒေသ တွေဆီသွားမယ်ဆို စသွားမယ့်ရက် နဲ့ ပြန်ရောက်မယ့်ရက် ရွေးပေးပြီး ပြောပြစေလိုတဲ့ စာသားဖြည့်ထားရင် သတ်မှတ်ရက် အတွင်းမှာ Gmail က အ၀င် စာတွေကို စာပြန်ပေးနေပါလိမ့်မယ်။

Inbox ထဲမှာ မဖတ်ရသေးတဲ့ စာတွေ ကို အပေါ်ဆုံး က မြင်ရအောင် လုပ်နည်း

ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။ Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။

ကိုယ့် Gmail သူများ သုံးနေသလား ဆိုတာ ကြည့်ချင်ရင်

Gmail မှာ Last Account Activity ဆိုတဲ့ Feature တစ်ခု ပါပါတယ်။  Gmail Page ရဲ့ အောက်ဆုံးနားမှာ Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။ အောက်ကပုံကို ကြည့်ပါ။

Gmail မှာ exe ဖိုင် ထည့်ပြီးတော့ ပို့ မယ်

Gmail မှာ exe ဖိုင် ထည့်ပြီးတော့ ပို့ မယ်ဆိုရင် Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။ ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။